About Us
ဧဒင်မသန်စွမ်းသူများရိပ်မြုံသည် မသန်စွမ်းကလေးများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လေ့ကျင့်ခန်း ဝန်ဆောင်များ (Rehabilitation Services) နှင့် အထူးပညာရေးဝန်ဆောင်မှုများကို (special Education Services) ၂၀၀၀ ခုနှစ်မှစ၍ ပေးခဲ့ပါသည်။ မသန်စွမ်းမှုဆိုင်ရာ အမြင်သစ်သင်တန်း၊ မသန်စွမ်းကလေးများအား ပြုစုစောင့်ရှောက်နည်းသင်တန်း (Caregiver Training)နှင့် လေ့ကျင့်ခန်းအကူသင်တန်း (Therapy Aids Training) တို့ကို ၂၀၀၆ ခုနှစ်မှစ၍ အကျုံးဝင်သက်ဆိုင်သူများ၊ မသန်စွမ်းမှုကို စိတ်ဝင်စားသူများအား ပေးခဲ့ပါသည်။
ဧဒင်ရိပ်မြုံသည် Access to Health ၏ ငွေကြေးပံ့ပိုးမှုဖြင့် Inclusion Trough Rehabilitation Project ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်မှာ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းဝန်ဆောင်မှုများ ရရှိခြင်းအားဖြင့် ၎င်းတို့နေထိုင်သော လူမှုအသိုင်းအဝိုင်းအတွင်း အကျုံးဝင်လာစေရန်ဖြစ်ပါသည်။ စီမံကိန်းမှ အဓိကလုပ်ဆောင်သော အခမ်းကဏ္ဍများမှာ မသန်စွမ်းသူများအား ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်း ဝန်ဆောင်မှုပေးခြင်း၊ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးစာအုပ်ငယ်များ ထုတ်ဝေခြင်းနှင့် မသန်စွမ်းသူများအား စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ ဖြစ်ပါသည်။ မသန်စွမ်းမှုဆိုင်ရာသင်တန်းများကို E-learning ဖြင့် ပို့ချခြင်းသည် စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။